မနုဿ ဓမ္မ လင်္ကာရ


မနုဿ ဓမ္မ လင်္ကာရ


သူတည်းတယောက် ၊ ကောင်းဖို့ရောက်မူ
သူတယောက်မှာ ၊ ပျက်လင့်ကသာ
ဓမ္မတာဟု ၊ မဖြစ်စေနှင့်။

သူတည်းတယောက် ၊ ကောင်းဖို့ရောက်မူ
တပါးသူမှာ ၊ လှပါစေသား
စိတ်ဝယ်ထား၍ ၊ တပါးပြုံးပျော်
ငါလည်းပျော်ဟု ၊ ညီသောဓမ္မာ
သိပညာနှင့် ၊ ကြင်နာသနား
မေတ္တာပွားကာ ၊ ထောက်ထားညှာတာ
ကျင့်ကြံရာ၏။

နေမင်းတထောင် ၊ လတထောင်သို့
ဘုန်းရောင်ရှိန်ဝင်း ၊ ထိန်ထိန်လင်းလည်း
မယွင်းဘယ်ခါ ၊ ရှိပါလေစ။
 
သက်ဦးဆံပိုင် ၊ စေကိုနိုင်သည့်
မြဲခိုင်အာဏာ ၊ မင်းရာဇာလည်း
ပမာမြစ်ချောင်း ၊ ကျိုးပဲ့ပြောင်းသို့
နွမ်းဟောင်းကြွေကာ ၊ ပျက်ပျယ်ရာ၏။
 
မြေပေါ်မြေအောက် ၊ ရတနာမောက်၍
ဂုဏ်တောက်လျှမ်းမော် ၊ ရှိပါသော်လည်း
အကျော်ဇေယျ ၊ တဒင်္ဂတာ
သင်္ခါရမှာ ၊ ရှိနေပါ၏။

ကြုံဆုံလာရ ၊ လူ့ဘ၀သည်
မိုးစပြင်ထက် ၊ တချက်လက်သည့်
လျှပ်ခက်ပမာ ၊ ခဏတာမို့
ကောင်းရာကောင်းကျိုး ၊ ကောင်းဝေဖြိုးအောင်
ကောင်းကျိုးကိုယ်၌တည်စေမင်း။           

ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ ၊ ကိုရီးယား

0 comments:

Post a Comment